"စကားလုံး - လေးဖြူ၊ အငဲ"
အရုဏ်ဦးနေ ကြည်လင်လန်းဆန်းလှပ
စိတ်ကြည်နူးစေမှာ
မြင်ခဲ့ရတဲ့နောက်ဆုံး ငါ့မနက်ခင်းတောင် ငါမမှတ်မိတော့ပါ
နေ၀င်သွားပြန်ပြီ ပျော်သလိုမအိပ်တဲ့ညများ
အမြဲသန်းကောင်ကျော်သွားခဲ့
တစ်ခုခုလုပ်ဖို့လုပ်ဖို့ကျတော့
နေ့ရွှေ့ ညရွှေ့နဲ့
အရာရာဟာ တပိုင်းတစ
လွယ်လွယ်တွေးပြီး
ဖြစ်သလိုနေခဲ့တော့
နေသလိုသာဖြစ်ခဲ့ပြီ
အရှိန်အဟုန်နဲ့ လူတွေ
အပြေးအလွှားနဲ့ ကြားမှာ/နောက်မှာ
ငါဟာကျန်ရစ်ခဲ့ပြီ
ဘ၀နဲ့ယှဉ်ကာ ငါသိလိုက်တာ
အခုချိန်တိုင်းမှာ တန်ဖိုးရှိတယ် ယုံကြည်ပါ
အိပ်မက်တွေများစွာ အို မင်းရှေ့ မှာ
ပြန်မရနိုင်ဘူးကွာ
ကုန်လွန်သွားတဲ့မင်းရဲ့ အချိန်
ရွှေငွေများနဲ့ မင်းပြန်လဲလို့မယူနိုင်တာ/မရနိုင်တာ
လေးစားတယ်...
layauung 2 months ago
ကော်ဖီထုပ်လေးကိုင်ပီး ထိုင်နေတာလေးကသဘာဝကျတယ်ဗျာ :)
xynorus 1 year ago
Inspire ဖြစ်စေတဲ့အတွက် ကိုလေးဖြူကို အထူးကျေးဇူးတင်ပါတယ်။
xynorus 1 year ago