Alert icon
We're changing our privacy policy. This stuff matters.  Learn more  Dismiss

Daw Aung San Suu Kyi reunited with her younger son (VOA)

Loading...

Sign in or sign up now!
Alert icon
Upgrade to the latest Flash Player for improved playback performance. Upgrade now or more info.
1,042
Loading...
Alert icon
Sign in or sign up now!
Alert icon

Uploaded by on Nov 23, 2010

" ဒေါ်စုနဲ့ သားငယ်ဖြစ်သူ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံဆည်း "

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရတဲ့ သားငယ်နဲ့ ဒီနေ့ ၀မ်းမြောက်ဝမ်းသာစွာ ပြန်လည် ဆုံတွေ့နိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့မနက် ကိုယ်တိုင်သွားပြီး သားဖြစ်သူ ကိုထိန်လင်းကို ကြိုခဲ့တာ ဖြစ်ပါတယ်။ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့လက်မောင်းမှာ ရေးထိုးထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံ သင်္ကေတပုံ ဆေးမင် တက်တူး (Tattoo) ကို ပြသလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်စ် (Kim Aris) ဟာ မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ လျှောက်ထားခဲ့ပြီး သီတင်း ၂ ပတ်ကြာမှ ၀င်ခွင့်ရရှိခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သားငယ် ကိုထိန်လင်းကို အခုလို ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုပေးလိုက်တဲ့ သက်ဆိုင်ရာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့ရှေ့နေကတဆင့် ပြောကြားလိုက်ပါတယ်။

ရန်ကုန်လေဆိပ်မှာ လုံခြုံရေး အနည်းငယ် ချထားတာကလွဲလို့ ဘာအခက်အခဲမှ မရှိဘဲ သားငယ်ကို အေးအေးဆေးဆေး ကြိုဆိုနိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ယူထားသူတွေက ဗွီအိုအေကို ပြောပါတယ်။

သတင်းမူရင်း - http://myochitmyanmar.org/news/2008-07-25-07-38-12/6799-2010-11-24-05-52-10

Category:

News & Politics

Tags:

License:

Standard YouTube License

  • likes, 0 dislikes

Link to this comment:

Share to:
see all

All Comments (2)

Sign In or Sign Up now to post a comment!
  • wonderful!!!!!!!!!!!1

Loading...

Alert icon
0 / 00Unsaved Playlist Return to active list
    1. Your queue is empty. Add videos to your queue using this button:
      or sign in to load a different list.
    Loading...Loading...Saving...
    • Clear all videos from this list
    • Learn more