Composer - Gita Nat Than Ko Saw Nyein
Album - Shwe Pwint Hlowr (Gita Nat Than Selection)
" ရတုဘုရင် "
ကံတရား၏ စုတ်ချက်တွင်
ရှေးရေစက်သည်
ဆေးရောင်ဆေးစက်တို့ ဖြစ်ခဲ့၏ ။
အတိတ်ဘဝက ဆူးခဲ့ဖူးသော
ဆူးကလေး တချောင်းကြောင့်
ဤသို့ တောရိပ်တောင်ရိပ်ကြီးထဲဝယ်
နတ်ရှင်နောင်နှင့် သူမ
ဆုံတွေ့ခွင့်ရခြင်း အမှန်ပင်ဖြစ်သည်။
လူနေဟန်ပန်နှင့် ဝတ်ပုံစားပုံ ရုပ်သဏ္ဍာန်က
နတ်ရှင်နောင်ဟု၍ ပုံဖော်ပြဌာန်းထားနိုင်သော်လည်း
ကျွန်တော်၏ နှလုံးသားနှင့် မျက်လုံးအကြည့်တို့ကား
အားငယ်သည့် နှင်းဆီပန်းလေးတပွင့်နှယ်
သူမ၏ရှေ့၌ တထပ်ချင်း တဖတ်ချင်း
ကြွေ၍ ကြွေ၍ ကျနေသည်။
မည်သို့ပင်ဖြစ်စေ
ရင်ကို စူးဝင်ခဲ့သော နေ့တနေ့အား
ကျွန်တော်ကပင် ကျေးဇူးတင်မဆုံးတော့။
ကေဇော်
Poet - K Zaw (Mdy.Thein Zaw)
So gay
TAWBYARGYI 4 days ago
a very good poem... i miss my grandma and i wanna say, now i understand more about this world...
icyicylove 4 months ago in playlist Grandmom memories