နင်နဲ့ ပတ်သက်လာရင်ငါဘယ်တော့မှ ယုံကြည်ချက်လည်း မမဲ့ခဲ့ဘူး...
အချစ်စစ်မှန်ရင် ဆုံစည်းရမယ် အထင်နဲ့တသီးတခြား နေရာငယ်မှာ
နင်ပျော်ရွှင်စေဖို့ပဲ ဆုတောင်းနေခဲ့တဲ့သူပါ.....။နင်နဲ့ ပတ်သက်လာရင်
အက်ကွဲဖူးတဲ့ အသည်းဆိုတာလည်း ငါမမှုဘူးနင်ပေးအပ်သော နင့်ချစ်သူဘ၀နဲ့
မိုးထိမြင့်အောင်လည်း ပျော်ရွှင်စိတ်တွေ ရင်မှာ ပိတ်ထားတဲ့သူပါ....။
နင်နဲ့ ပတ်သက်လာရင်ဘယ်လိုအရာကိုမှ လည်း ငါ အရှုံးမပေးနင်ရှိနေတယ်ဆိုတဲ့ အတွေးလေးနဲ့ကြုံလာရမယ့် ဥပါယ်ဒဏ်တွေကျော်ဖြတ်နင့်ကိုချစ်တဲ့စိတ်တစ်ခုတည်း အတွက်ငါ့ဘေးပတ်လည်မှာသစ္စာတရားတွေခြံရံထားတဲ့သူပါ.....။
နင်နဲ့ပတ်သတ်လာရင်မျှော်လင့်ချက်တွေ စိုက်ပျိုး
အနာဂတ်ကိုလဲ ပုံသေတွက်ပြီးဝမ်းနည်းစိတ်တွေကိုလည်း ဖြေသိမ့်နေတတ်တဲ့သူပါ....။
နင်နဲ့ပတ်သက်လာရင်နင့်ခံစားချက်တွေ အနိုင်ပေးရင်ဖွင့်စကားတွေ ငါ ထိမ်းသိမ်ရင်းနင့်ကို အချစ်နိုင်ဆုံး မိန်းမတစ်ယောက်အဖြစ်.........အမြဲဖြစ်တည်ချင်နေတဲ့သူ ပါ.....။နင်ယုံကြည်ပါ...နင်နဲ့ပတ်သက်လာရင်လေ....ငါ.......ဘ၀အဆက်ဆက်....
ပေးဆပ်ချင်ခဲ့တဲ့သူပါဟာ....။ ။
Aww so sad :(
AntMaSoneDimSen 4 months ago